6th Plenary Session · roundup

လွှတ်တော်သတင်းများ (၁၇ နိုဝင်ဘာ ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး အဋ္ဌမမြောက်နေ့ကို ၁၆.၁၁.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်နာယက က လွှတ်တော်နှစ်ရပ် သဘောတူညီသည့် ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း (၂၀၁၇) ကို နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုး ထုတ်ပြန်နိုင်ရန်အတွက် ပေးပို့သွားမည်ဖြစ်ကြောင်းနှင့် ပြည်ထောင်စုလွှတ်တော်က အတည်ပြုသည်ဟု မှတ်ယူ၍ မှတ်တမ်းတင်ကြောင်း ကြေညာ
  • ထို့နောက် နိုင်ငံတော်သမ္မတရုံးမှပေးပို့သော ရှမ်းပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုနှင့် ကျေးရွာများ အမည်ပြောင်းလဲခြင်း၊ တိုးချဲ့ပြင်ဆင် ဖွဲ့စည်းခြင်းနှင့် ပယ်ဖျက်ခြင်းတို့ကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာ
  • ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော အိန္ဒိယသမုဒ္ဒရာ ကမ်းခြေနိုင်ငံများအဖွဲ့သို့ မြန်မာနိုင်ငံမှ အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ရေးကိစ္စနှင့် စပ်လျဉ်း၍ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးကျော်တင်က ရှင်းလင်းတင်ပြ
  • ယင်းကိစ္စနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက က ကြေညာ
  • ဆက်လက်၍ ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ပထမ ၆ လပတ် အမျိုးသားစီမံကိန်း ဆောင်ရွက်မှုအစီရင်ခံစာနှင့် စပ်လျဉ်း၍ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်က ရှင်းလင်းပြောကြား
  • ထို့နောက် ကရင်ပြည်နယ်မဲဆန္ဒနယ် အမှတ်(၂)မှ စောသန်းထွဋ်က လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်များပါဝင်သော ကော်မတီ၏ အစီရင်ခံစာ(၁၃/၂၀၁၇)ကို ဖတ်ကြားတင်ပြပြီး ပြည်ထောင်စုလွှတ်တော်နာယကက ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ
  • ဆက်လက်၍ ပြည်ထောင်စု အစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ပထမ ၆ လပတ် ပြည်ထောင်စုဘဏ္ဍာငွေ အရအသုံးဆိုင်ရာ အစီရင်ခံစာနှင့်စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ရှင်းလင်းတင်ပြ
  • ယင်းနောက် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီဝင်က လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်များ ပါဝင်သော ကော်မတီ၏ အစီရင်ခံစာ (၁၄/၂၀၁၇)ကို ဖတ်ကြားတင်ပြပြီး ပြည်ထောင်စုလွှတ်တော် နာယကက ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ
  • ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု အစိုးရအပ်ငွေစာရင်း၏ လိုငွေကို ဖြည့်ဆည်းနိုင်ရေးအတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ထံမှ ငွေကျပ် ၅၅၃ ဒသမ ၅၃၄ ဘီလီယံ ကျော်လွန်ချေးယူခဲ့ရမှုနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် (၃)ဦးက ဆွေးနွေးကြ
  • ပြည်ထောင်စုလွှတ်တော် နာယကက ယင်းကိစ္စနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ရှင်းလင်းခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်းတို့ကို နိုဝင်ဘာ ၂၁ ရက်တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကြေညာ
    • ယင်းနောက် အမျိုးသားပညာရေးမူဝါဒ ကော်မရှင်၏ ဒုတိယ ၆လတာကာလအတွင်း လုပ်ငန်းဆောင်ရွက်ခဲ့မှု အစီရင်ခံစာ (၂၀၁၇ ခုနှစ်၊ ဧပြီလမှ အောက်တိုဘာလအထိ) နှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် (၂၂)ဦးက ဆွေးနွေးကြ
    • ပြည်ထောင်စုလွှတ်တော် နာယကက ယင်းကိစ္စနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ရှင်းလင်းခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းတို့ကို နိုဝင်ဘာ ၂၁ ရက်တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကြေညာ
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s