6th Plenary Session · roundup

လွှတ်တော်သတင်းများ (၂၂ နိုဝင်ဘာ ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ဒသမနေ့ကို ၂၁.၁၁.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်းက ပြည်ထောင်စုလွှတ်တော်က အတည်ပြုသည်ဟု မှတ်ယူရမည့် စာရင်းအင်းဥပဒေကြမ်းကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာ
  • ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော အာဆီယံနယ်စပ်ဖြတ်ကျော် ခရီးသည်ပို့ဆောင်မှု လွယ်ကူချောမွေ့စေရေး မူဘောင်သဘောတူစာချုပ်တွင် မြန်မာနိုင်ငံမှ ပါဝင်လက်မှတ် ရေးထိုးရေးကိစ္စနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ရှင်းလင်းတင်ပြ
  • ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယက က ယင်းကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ
  • ထို့နောက် အမျိုးသားပညာရေးမူဝါဒ ကော်မရှင်၏ ဒုတိယ ခြောက်လတာကာလအတွင်း လုပ်ငန်း ဆောင်ရွက်ခဲ့မှုအစီရင်ခံစာ (၂၀၁၇ ခုနှစ်၊ ဧပြီလမှ အောက်တိုဘာလထိ) နှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် အမျိုးသားပညာရေးမူဝါဒကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးညီလှငယ်နှင့် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းတို့က ပြန်လည်ရှင်းလင်းဆွေးနွေးကြ
  • ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယက က အမျိုးသားပညာရေးမူဝါဒကော်မရှင်၏ ဒုတိယ ခြောက်လတာကာလအတွင်း လုပ်ငန်းဆောင်ရွက်ခဲ့မှု အစီရင်ခံစာ (၂၀၁၇ ခုနှစ်၊ ဧပြီလမှ အောက်တိုဘာလထိ) အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များ၊ သက်ဆိုင်ရာ ကော်မရှင်နှင့် ပညာရေးဝန်ကြီးဌာနတို့၏ ပြန်လည်ရှင်းလင်းတင်ပြချက်များကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာ
  • ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ၂၀၁၆-၂၀၁၇ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုအစိုးရ အပ်ငွေစာရင်း၏ လိုငွေကို ဖြည့်ဆည်းနိုင်ရေးအတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ထံမှ ငွေကျပ် ၅၅၃ ဒသမ ၅၄၃ ဘီလီယံ ကျော်လွန်ချေးယူခဲ့ရမှုနှင့် စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းတို့က ပြန်လည်ရှင်းလင်းဆွေးနွေးကြ
  • ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက က ယင်းကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ် ရယူအတည်ပြု
  • ဆက်လက်၍ ပြည်ထောင်စုလွှတ်တော်နာယက က ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ ပြင်ဆင်သတ်မှတ်ခြင်းကို တင်ပြပြီး လွှတ်တော်၏ သဘောတူညီချက် ရယူအတည်ပြု
  • ထို့နောက် ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ပထမခြောက်လပတ် အမျိုးသားစီမံကိန်းဆောင်ရွက်မှု အစီရင်ခံစာနှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ (၁၃/၂၀၁၇) အပေါ် လွှတ်တော်ကိုယ်စားလှယ်(၈)ဦးက ဆွေးနွေးကြ
  • ထို့နောက် ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် ပထမ ခြောက်လပတ် ပြည်ထောင်စုဘဏ္ဍာငွေ အရအသုံးဆိုင်ရာ အစီရင်ခံစာနှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ (၁၄/၂၀၁၇)အပေါ် လွှတ်တော်ကိုယ်စားလှယ်(၆)ဦးက ဆွေးနွေးကြ
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s