6th Plenary Session · roundup

လွှတ်တော်သတင်းများ (၂၃ နိုဝင်ဘာ ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ၁၅ ရက်မြောက်နေ့ကို ၂၂.၁၁.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က လွှတ်တော်အခွင့်အရေးကော်မတီ၏ လစ်လပ်သွားသော နေရာ၌ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်ချုပ်တင်ဆွေဝင်းအား အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ လစ်လပ်သွားသော အဖွဲ့ဝင်နေရာ၌ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် ရဲနိုင်မျိုးအား အဖွဲ့ဝင်အဖြစ်လည်းကောင်း အစားထိုးဖွဲ့စည်းမည် ဖြစ်ပါကြောင်း၊ လွှတ်တော်သို့ တင်ပြပြီး ကော်မတီအဖွဲ့ဝင်များ အစားထိုး ဖွဲ့စည်းခြင်းနှင့်စပ်လျဉ်း၍ လွှတ်တော်၏ အတည်ပြုချက်ရယူရာ လွှတ်တော်က သဘောတူကြောင်း ကြေညာ
  • ထို့နောက် မောက်မယ်မဲဆန္ဒနယ်မှ ဦးစိုင်းငေါင်းဆိုင်ဟိန်း၏ “မောက်မယ်မြို့နယ် ပန်းတန်ကျေးရွာ အုပ်စု သောက်သုံးရေ အထောက်အကူပြု နောက်ခိုက်လျှိုပိတ်တမံကြီး နုန်းဆယ်ယူခြင်းနှင့် ပြုပြင်မွမ်းမံခြင်း လုပ်ငန်းစဉ်များ ဆောင်ရွက်ပေးမည့် အစီအစဉ်ကို သိရှိလိုခြင်း”နှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ဖြေကြား
  • လဟယ်မဲဆန္ဒနယ်မှ ဦးသက်နောင်၏ “စိုက်ပျိုးရေးကဏ္ဍ၌ နည်းပညာများ တိုးတက်လာစေရန်၊ ဒေသခံပြည်သူများ လက်တွေ့လုပ်ကိုင်လာနိုင်စေရန်အတွက် Farmer’s Field School Programme များဖြင့် အထူးစီမံချက် ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ သိရှိလိုခြင်း” နှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ဖြေကြား
  • ဆက်လက်၍ သာစည်မဲဆန္ဒနယ်မှ ဦးသန်းစိုး၊ သနပ်ပင်မဲဆန္ဒနယ်မှ ဦးမြင့်ဦးနှင့် သထုံမဲဆန္ဒနယ်မှ ဒေါ်မာမာခိုင်တို့၏ မေးခွန်းများနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ရှင်းလင်းဖြေကြား
  • ထို့နောက် အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပေးပို့လာသော စာချုပ်စာတန်းများ မှတ်ပုံတင် ဥပဒေကြမ်းကို လက်ခံရရှိကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က လွှတ်တော်သို့ အသိပေးပြီး ဥပဒေကြမ်း ကော်မတီအဖွဲ့ဝင် ဦးနေမျိုးထွန်းက အစီရင်ခံစာကို ဖတ်ကြားတင်သွင်း
  • ယင်းနောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ယင်းအစီရင်ခံစာနှင့် စပ်လျဉ်း၍ ပြင်ဆင်ချက် အဆို တင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ
  • ဆက်လက်၍ ကနီမဲဆန္ဒနယ်မှ ဦးထွန်းထွန်းနိုင်၏ “သစ်တောကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ်တောများနှင့် မြေလွတ်၊ မြေလပ်၊ မြေရိုင်းများတွင် လုပ်ပိုင်ခွင့် ခွင့်ပြုချက် အမျိုးမျိုးဖြင့် မြေလက်ဝါးကြီးအုပ် ရယူထားမှုများ၌ ကာလအတန်ကြာ လုပ်ကိုင်ခဲ့ကြသော မူလတောင်သူများနှင့် လုပ်ပိုင်ခွင့်ရထားသူများ အကြား မြေယာအငြင်းပွားမှုများကို လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီများဖြင့် ပြန်လည်စိစစ် ဖြေရှင်းပေးနိုင်ပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း” အဆိုကို လွှတ်တော်ကိုယ်စားလှယ် (၆)ဦးက ဆွေးနွေးကြ
  • ယင်းအဆိုနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ရှင်းလင်းဆွေးနွေး
  • ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်နှင့် အဆိုရှင် ကနီမဲဆန္ဒနယ်မှ ဦးထွန်းထွန်းနိုင်တို့က ယင်းအဆိုကို မှတ်တမ်းတင်စောင့်ကြည့်ရန် သဘောတူသဖြင့် လွှတ်တော်က မှတ်တမ်းတင်စောင့်ကြည့်မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ကြေညာ
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး ၁၅ ရက်မြောက်နေ့ကို ၂၂.၁၁.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၄)မှ ဦးထိန်ဝင်း၏ “သေဒဏ် သို့မဟုတ် တစ်သက်တစ်ကျွန်း ဒဏ်ထိုက်သော ပြစ်မှုတို့ကို တရားစွဲဆိုရာတွင် ဆင်းရဲနွမ်းပါး၍ ရှေ့နေမငှားနိုင်သော တရားခံများအတွက် (Dock Brief) ကို တရားရုံးတော်က နိုင်ငံတော်စရိတ်ဖြင့် ရှေ့နေငှားရမ်းပေးသည့်အခါ ရှေ့နေလိုက်ပါ ဆောင်ရွက်ခနှုန်းထားမှာ လာရောက်သက်သေခံသည့် သက်သေအားပေးသည့် နေ့တွက်စရိတ်ထက် များစွာ လျော့နည်းနေပါသဖြင့် တိုးမြှင့်ပြင်ဆင်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုရှေ့နေချုပ်ရုံး ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်က ဖြေကြား
  • ထို့နောက် ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၂)မှ စောယှားဖောင်အွာနှင့် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဒေါက်တာဇော်လင်းထွဋ်တို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေတို့က ပြန်လည်ရှင်းလင်း ဖြေကြားကြ
  • ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်ကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူအတည်ပြု
  • ထို့နောက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ၁၉၄၈ ခုနှစ်၊ ဆိပ်ကမ်းအလုပ်သမားများ အလုပ်စီစဉ်ရေး အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းအား အတည်ပြုရန် အဆိုတင်သွင်း
  • ယင်းအဆိုနှင့် စပ်လျဉ်း၍ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၉)မှ ဦးမြမင်းဆွေက ထောက်ခံ
  • ဆက်လက်၍ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ယင်းဥပဒေကြမ်းအား အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြု
  • ထို့နောက် အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ ဒုတိယအကြိမ် အမျိုးသားလွှတ်တော်၊ ပ ဉ္စမပုံမှန် အစည်းအဝေးတွင် တင်သွင်းမေးမြန်းခဲ့သည့် အဆိုများ၊ မေးခွန်းများနှင့် စပ်လျဉ်းသည့် အစီရင်ခံစာကို ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၅)မှ ဦးမြင့်နိုင်က ဆွေးနွေးပြောကြား
  • ယင်းအစီရင်ခံစာနှင့် စပ်လျဉ်း၍ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီအဖွဲ့ဝင် ဦးဝင်းအောင်က သဘောတူလက်ခံရန် အဆိုတင်သွင်း
  • ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက အဆိုပါ အစီရင်ခံစာနှင့် စပ်လျဉ်း၍ လွှတ်တော်၏ အတည်ပြုချက် ရယူ
  • ထို့နောက် အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ၏ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးတွင် ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၇)မှ နော်ခရစ္စထွန်း (ခ) ဒေါက်တာ အားကာမိုး တင်သွင်းခဲ့သည့် “MICA (Myanmar International Cooperation Agency)” အဆိုနှင့် စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးသို့ ကွင်းဆင်းလေ့လာစိစစ်ခဲ့သည့် ကြားဖြတ်အစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ် (၈)ဦးက ဆွေးနွေးကြ
  • ထို့နောက် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသိမ်းဆွေက ယင်းကြားဖြတ်အစီရင်ခံစာကို သဘောတူလက်ခံရန် အဆိုတင်သွင်း
  • ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက အဆိုပါ ကြားဖြတ်အစီရင်ခံစာနှင့် စပ်လျဉ်း၍ လွှတ်တော်၏ သဘောထားရယူ အတည်ပြု
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s