6th Plenary Session · roundup

လွှတ်တော်သတင်းများ (၂၄ နိုဝင်ဘာ ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တေ်ာ ဆဋ္ဌမပုံမှန် အစည်းအဝေး ၁၆ ရက်မြောက်နေ့ကို ၂၃.၁၁.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် ဘီးလင်းမဲဆန္ဒနယ်မှ ဦးတင်ကိုကိုဦး၏ “လမ်း၊ တံတားများကို အကောင်အထည် ဖော်ရာတွင် လုပ်ငန်းခွင့်နှင့် အင်ဂျင်နီယာ၊ စက်ယန္တရားပြည့်စုံမှု၊ ကျွမ်းကျင်အလုပ်သမားကိစ္စ၊ အချိန်မီ ပြီးစီးနိုင်ရေးနှင့် သတ်မှတ်အရည်အသွေးအတိုင်း ပြည့်မီရေးတို့အတွက် မည်ကဲ့သို့ စီမံဆောင်ရွက်နေသည်ကို သိလိုခြင်း”နှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ဖြေကြား
  • စေတုတ္တရာ မဲဆန္ဒနယ်မှ ဦးကျော်အောင်လွင်၏ “စေတုတ္တရာမြို့နယ် ဖျင်ကြီးကျေးရွာမှ ငဖဲ-စေတုတ္တရာ-ဆော ခရိုင်ချင်းဆက်လမ်းသို့ ရာသီမရွေးသွားလာနိုင်သော မြေသားလမ်း ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ဖြေကြား
  • ဆက်လက်၍ ထီးချိုင့်မဲဆန္ဒနယ်မှ ဦးမောင်မောင်၊ သံဖြူဇရပ် မဲဆန္ဒနယ်မှ ဦးဉာဏ်ဟိန်းနှင့် မော်လိုက် မဲဆန္ဒနယ်မှ ဒေါ်ချိုချိုဝင်းတို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ရှင်းလင်းဖြေကြား
  • ဒဂုံမဲဆန္ဒနယ်မှ ဒေါက်တာ ဒေါ်သက်သက်ခိုင်၏ “မြန်မာနိုင်ငံက ၂၀၁၄ ခုနှစ် ဇူလိုင်လမှာ အကြိုအဖွဲ့ဝင် အနေဖြင့် ဝင်ရောက်ခဲ့သည့် Extractive Industries Transparency Initiative(EITI) ဆိုသည့် သဘာဝသယံဇာတ တူးဖော်ထုတ်လုပ်ခြင်းဆိုင်ရာ ပွင်လင်းမြင်သာမှုရှိရေး၊ ဆောင်ရွက်နေသည့် အဖွဲ့ကြီး၏ တိုက်တွန်းချက်နှင့်အညီ သဘာဝသယံဇာတ တူးဖော်ထုတ်လုပ်ခြင်း ကဏ္ဍမှ ရရှိသည့် နိုင်ငံတော်၏ ဝင်ငွေများကို နိုင်ငံသားများသို့ ပွင်လင်းမြင်သာစွာ ချပြပြီး ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေသို့ အလုံးစုံ ဝင်ရောက်နိုင်ရေး အစီအစဉ်များ ချမှတ်ဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း” အဆိုကို လွှတ်တော်ကိုယ်စားလှယ်(၇)ဦးက ဆွေးနွေးကြ
  • ယင်းအဆိုနှင့်စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ရှင်းလင်းဖြေကြား
  • ထို့နောက် ယင်းအဆိုနှင့်စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဆက်လက် ရှင်းလင်းဖြေကြား
  • ထို့နောက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့က ယင်းအဆိုကို မှတ်တမ်းတင်ထားရှိရန် လွှတ်တော်သို့တင်ပြပြီး အဆိုရှင် ဒဂုံမဲဆန္ဒနယ်မှ ဒေါက်တာ ဒေါ်သက်သက်ခိုင်က ယင်းအဆိုကို အတည်ပြုပေးရန် တင်ပြ
  • ယင်းအဆိုနှင့် စပ်လျဉ်း၍ သဘောထား မတူညီသောကြောင့် စက်ခလုတ်ဖြင့် မဲခွဲဆုံးဖြတ်ရာ ထောက်ခံသူဦးရေ ၃၂၅ ဦး၊ ကန့်ကွက်သူ ဦးရေ ၆၈ ဦး၊ ကြားနေဦးရေ သုံးဦးဖြင့် ထောက်ခံသူ ဦးရေများသဖြင့် အဆိုကို အတည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ကြေညာ
  • ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က နိဂုံးချုပ် အမှာစကားပြောကြား
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တေ်ာ ဆဋ္ဌမပုံမှန် အစည်းအဝေး ၁၆ ရက်မြောက်နေ့ကို ၂၃.၁၁.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၀)မှ ဦးကျော်သန်း၏ “ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် မာန်အောင်မြို့နယ် သိမ်ကုန်းကျေးရွာ အခြေခံပညာ မူလတန်းကျောင်းနှင့် ကုက္ကိုလ်ရွာ+ကျွန်းတုံးရွာ အခြေခံပညာ မူလတန်းကျောင်းများကို ကျောင်းဆောင်သစ် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဖြေကြား
  • ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၁)မှ ဦးငွန်ဟေး၏ “ချင်းပြည်နယ် ဟားခါးမြို့စျေးသစ်ရပ်ကွက် (ချင်းဦးစီး)ရှိ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)ကို အခြေခံပညာ အလယ်တန်းကျောင်း အဆင့်သို့ တိုးမြှင့်ဖွင့်လှစ်ပေးနိုင်ခြင်း ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဖြေကြား
  • ထို့နောက် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ ဦးဝင်းမောင်၏ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ပြန်လည်ရှင်းလင်းဖြေကြား
  • ယင်းနောက် နိုင်ငံ့ဝန်ထမ်းဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးကြည်ဝင်းနှင့်တ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးနိုင်မြင့်တို့က ဆွေးနွေးကြ
  • ဆက်လက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း (၂၀၁၇) အား လွှတ်တော်သို့ တင်သွင်း
  • ထို့နောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဒေါ်နန်းနီနီအေးက အဆိုပါ ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်း
  • ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခို်င်သန်းက ယင်းပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ
  • ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး နှုတ်ဆက်စကား ပြောကြား
  • ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီးကြောင်း ကြေညာ
  • ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့ကို ၂၃.၁၁.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်နာယက က လွှတ်တော်နှစ်ရပ် သဘောတူညီသည့် မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေကြမ်းကို နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုးထုတ်ပြန်ရန်အတွက် ပေးပို့သွားမည်ဖြစ်ကြောင်းနှင့် ပြည်ထောင်စုလွှတ်တော်က အတည်ပြုသည်ဟု မှတ်တမ်းတင်ကြောင်း ကြေညာ
  • ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော အိန္ဒိယသမုဒ္ဒရာ ကမ်းခြေနိုင်ငံများအဖွဲ့သို့ မြန်မာနိုင်ငံမှ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ရေးကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် (၄)ဦးက ဆွေးနွေးကြ
  • ဆက်လက်၍ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်က ယင်းအဖွဲ့တွင် မြန်မာနိုင်ငံ ဝင်ရောက်ခြင်းအားဖြင့် နိုင်ငံရေးအရ၊ စီးပွားရေးအရ အကျိုးကျေးဇူးများစွာ ရရှိမည်ဖြစ်သောကြောင့် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးပါရန် ရှင်းလင်းပြောကြား
  • ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များအား ခန့်အပ်တာဝန်ပေးရန် ပြည်ထောင်စုလွှတ်တော် နာယကက နိုင်ငံတော်သမ္မတ တင်ပြထားသည့် ဦးအောင်ကြည်၊ ဦးစိုးတင့်၊ ဦးအောင်လွင်၊ ဦးဟန်ညွန့်၊ ဒေါ်မြတ်မြတ်စိုး၊ ဦးအောင်သန်းမြင့်၊ ဦးစန်းဝင်း၊ ဦးခင်မောင်မြင့်၊ ဦးမျိုးမြင့်၊ ဒေါ်အေးအေးမူ၊ ဦးဇော်ဝင်း၊ ဒေါ်လဲ့လဲ့သွင်တို့ ပါဝင်သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် အဖွဲ့ဝင် ၁၂ ဦးအနက် ဦးအောင်ကြည်ကို ဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ ဦးစန်းဝင်းကို အတွင်းရေးမှူးအဖြစ် လည်းကောင်း၊ ကျန်ပုဂ္ဂိုလ် ၁၀ ဦးကို အဖွဲ့ဝင်များအဖြစ်လည်းကောင်း ခန့်အပ် တာဝန်ပေးရန် လွှတ်တော်က သဘောတူကြောင်း ကြေညာ
  • ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသည့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနနှစ်ခု တိုးချဲ့ဖွဲ့စည်းခြင်းနှင့် စပ်လျဉ်း၍ ကယားပြည်နယ် မဲဆန္ဒနယ် အမှတ်(၉)မှ ဦးစိုးသိန်းက ထောက်ခံဆွေးနွေး
  • ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက ပြည်ထောင်စု ဝန်ကြီးဌာနနှစ်ခု တိုးချဲ့ဖွဲ့စည်းခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြား
  • ပြည်ထောင်စုလွှတ်တော်နာယကက လွှတ်တော်၏ အဆုံးအဖြတ်ရယူ၍ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသည့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနနှစ်ခု တိုးချဲ့ဖွဲ့စည်းရန် ကိစ္စကို သဘောတူအတည်ပြုကြောင်း ကြေညာ
  • ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယကက ယနေ့အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးဌာန နှစ်ခု တိုးချဲ့ဖွဲ့စည်းခြင်းကို လွှတ်တော်က သဘောတူပြီးဖြစ်သည့်အပြင် ဦးကျော်တင်ကို အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးလိုခြင်းနှင့် စပ်လျဉ်း၍ ကန့်ကွက်ချက် တစ်စုံတစ်ရာ မရှိသည့်အတွက် ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးရန် လွှတ်တော်က သဘောတူကြောင်း ကြေညာ
  • ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသည့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းအား ခန့်အပ်တာဝန်ပေးရန် လျာထားမှုအပေါ် ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဦးစိုးသိန်းက ကန့်ကွက်ရာ ပြည်ထောင်စုလွှတ်တော်နာယကက ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေတို့နှင့်အညီ ဆက်လက် ဆောင်ရွက်သွားရန် ဆုံးဖြတ်ကြောင်း ကြေညာ
  • ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယကက နို်င်ငံတော်သမ္မတက တင်ပြထားသည့် ဦးသောင်းထွန်းအား ပြည်ထောင်စုအစိုးရအဖွဲ့ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ် တာဝန်ပေးရန် လွှတ်တော်က သဘောတူကြောင်း ကြေညာ
  • ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော အာဆီယံနယ်စပ်ဖြတ်ကျော် ခရီးသည်ပို့ဆောင်မှု လွယ်ကူချောမွေ့စေရေး မူဘောင်သဘောတူစာချုပ်တွင် မြန်မာနို်င်ငံမှ ပါဝင်လက်မှတ်ရေးထိုးရေးကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် (၈)ဦးက ဆွေးနွေးကြ
  • ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက အာဆီယံနယ်စပ် ဖြတ်ကျော် ခရီးသည်ပို့ဆောင်မှု လွယ်ကူချောမွေ့စေရေး မူဘောင် သဘောတူစာချုပ်တွင် မြန်မာနိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုးရေးကိစ္စကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးပါရန် ရှင်းလင်းပြောကြား
  • ယင်းကိစ္စနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်နာယကက လွှတ်တော်၏ အဆုံးအဖြတ်ရယူ၍ သဘောတူအတည်ပြုကြောင်း ကြေညာ
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s