6th Plenary Session · roundup

လွှတ်တော်သတင်းများ (၂၅ နိုဝင်ဘာ ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ၁၂ ရက်မြောက်နေ့ကို ၂၄.၁၁.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များအဖြစ် ခန့်အပ် တာဝန်ပေးအပ်ပြီးဖြစ်သော ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်၊ အတွင်းရေးမှူး ဦးစန်းဝင်းနှင့် အဖွဲွ့ဝင်များဖြစ်ကြသည့် ဦးစိုးတင့်၊ ဦးအောင်လွင်၊ ဦးဟန်ညွန့်၊ ဒေါ်မြတ်မြတ်စိုး၊ ဦးအောင်သန်းမြင့်၊ ဦးခင်မောင်မြင့်၊ ဦးမျိုးမြင့်၊ ဒေါ်အေးအေးမူ၊ ဦးဇော်ဝင်းနှင့် ဒေါ်လဲ့လဲ့သွင်တို့သည့် ပြည်ထောင်စုလွှတ်တော် နာယက၏ ရှေ့မှောက်၌ ကတိသစ္စာပြုကြ
  • ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီတွင် အဖွဲ့ဝင် အစားထိုးတာဝန်ပေးအပ်ခြင်းကို တင်ပြပြီး လွှတ်တော်၏ အဆုံးအဖြတ် ရယူ၍ အတည်ပြုကြောင်း ကြေညာ
  • ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ပထမနှစ်ခြောက်လပတ် အမျိုးသားစီမံကိန်း ဆောင်ရွက်မှု အစီရင်ခံစာနှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့်် သဘောထားမှတ်ချက်အစီရင်ခံစာ (၁၃/၂၀၁၇) အပါအဝင် လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်အပေါ် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ရှင်းလင်းဆွေးနွေးကြ
  • သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ရှင်းလင်းဖြေကြား
  • ယင်းအစီရင်ခံစာများ၊ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ကိုယ်စား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် ဒုတိယဝန်ကြီး ဦးဆက်အောင်တို့ကလည်း ရှင်းလင်း ဖြေကြားကြ
  • ယင်းနောက် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌက အစီရင်ခံစာ (၁၃/၂၀၁၇) ကို လွှတ်တော်က သဘောတူလက်ခံရန် အဆိုတင်သွင်းရာ ပြည်ထောင်စု လွှတ်တော်နာယကက လွှတ်တော်၏ အဆုံးအဖြတ်ရယူ၍ ယင်းအစီရင်ခံစာကို မှတ်တမ်းတင်ကြောင်းနှင့် ယင်းအစီရင်ခံစာ နှင့်စပ်လျဉ်းသည့် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ (၁၃/၂၀၁၇) ကို သဘောတူအတည်ပြုကြောင်း ကြေညာ
  • အလားတူ ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် ပထမခြောက်လပတ် ပြည်ထောင်စုဘဏ္ဍာငွေ အရအသုံးဆိုင်ရာ အစီရင်ခံစာနှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ (၁၄/၂၀၁၇) အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ရှင်းလင်းဆွေးနွေးကြ
  • စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ရှင်းလင်းဖြေကြား
  • ယင်းအစီရင်ခံစာများ၊ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေး ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်းနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းတို့ကလည်း ရှင်းလင်းဖြေကြားကြ
  • ယင်းနောက် ပြည်သူ့ငွေစာရင်း ပူူးပေါင်းကော်မတီအဖွဲ့ဝင် ဦးစိုင်းသီဟကျော်က အစီရင်ခံစာ (၁၄/၂၀၁၇)ကို လွှတ်တော်က သဘောတူလက်ခံရန် အဆိုတင်သွင်းရာ ပြည်ထောင်စု လွှတ်တော်နာယကက လွှတ်တော်၏ အဆုံးအဖြတ်ရယူ၍ ယင်းအစီရင်ခံစာကို မှတ်တမ်းတင်ကြောင်းနှင့် ယင်းအစီရင်ခံစာနှင့် စပ်လျဉ်းသည့် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ (၁၄/၂၀၁၇) ကို သဘောတူ အတည်ပြုကြောင်း ကြေညာ
  • ထို့နောက် ပြည်ထောင်စုလွှတ်တေ်ာနာယက မန်းဝင်းခိုင်သန်းက နှုတ်ခွန်းဆက်စကား ပြောကြား
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s