amyotha hluttaw · announcement

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ကျင်းပရန်ခေါ်ယူ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားလွှတ်တော် ကြေညာချက်အမှတ်(၂/၂၀၁၆) ၁၃၇၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၃ရက် (၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၃ ရက်) ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ကျင်းပရန်ခေါ်ယူခြင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၅၅၊ ၂၀၁၂ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၃၅ နှင့် ၂၀၁၅ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေများ၏ နည်းဥပဒေ ၃၊ နည်းဥပဒေခွဲ(ခ)တို့အရ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးကို နေပြည်တော်၌ ၁၃၇၈ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၆ ရက် (၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်) တနင်္လာနေ့၊ နံနက် ၁၀ နာရီ အချိန်တွင် စတင်ကျင်းပရန် ခေါ်ယူကြောင်း ကြေညာလိုက်ပါသည်။ (ပုံ)…… Continue reading ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ကျင်းပရန်ခေါ်ယူ

amyotha hluttaw · announcement

တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အစားထိုးပြောင်းလဲ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်အမှတ် ( ၉/၂၀၁၆) ၁၃၇၈ ခုနှစ်၊ ကဆုန်လဆန်း ၁၁ရက် (၂၀၁၆ ခုနှစ်၊ မေလ ၁၇ရက်) တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နှစ်ဦး အစားထိုးပြောင်းလဲခြင်း (၁)ကြည်း ၂၉၃၇၂ ဒုတိယဗိုလ်မှူးကြီး ဝင်းမြင့်ထွန်း (အစား) ကြည်း ၁၇၂၇၈ ဗိုလ်မှူးချုပ် ချစ်ဦး (၂) ကြည်း ၂၈၂၇၄ ဒုတိယဗိုလ်မှူးကြီး သိန်းလွင် (အစား) ကြည်း ၁၇၀၇၃ ဗိုလ်မှူးချုပ် သက်နိုင် အမိန့်အရ (တင်ထွန်း) အတွင်းရေးမှူး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်