announcement · pyidaungsu hluttaw

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ကျင်းပရန်ခေါ်ယူ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုလွှတ်တော်ရုံး ကြေညာချက်အမှတ်(၃/၂၀၁၆) ၁၃၇၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၃ရက် (၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၃ ရက်) ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ကျင်းပရန်ခေါ်ယူခြင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ရ၉၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၁၃ နှင့် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၃၊ နည်းဥပဒေခွဲ (ခ) တို့အရ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးကို နေပြည်တော်၌ ၁၃၇၈ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၆ ရက် (၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်) တနင်္လာနေ့၊ ၁၃း၃၀ နာရီအချိန်တွင် စတင်ကျင်းပရန် ခေါ်ယူကြောင်း ကြေညာအပ်ပါသည်။ (ပုံ) မန်းဝင်းခိုင်သန်း နာယက