4th Plenary Session · pyithu hluttaw · roundup

လွှတ်တော်သတင်းများ (၁၀ မတ် ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ၁၇ ရက်မြောက်နေ့ကို ၉.၃.၂၀၁၇ တွင် ကျင်းပ အစည်းအဝေးတွင် ဘီးလင်းမဲဆန္ဒနယ်မှ ဦးတင်ကိုကိုဦး၏ “ဆောက်လုပ်ရေးတင်ဒါ အောင်မြင်သော လုပ်ငန်းများ ဆောက်လုပ်ရာတွင် စာချုပ်ပါအတိုင်း အရည်အသွေးပြည့်၊ မပြည့်ကို မည်သူက တာဝန်ယူပါမည်နည်း” မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ရှင်းလင်းဖြေကြား ထို့ပြင် နမ္မတူမဲဆန္ဒနယ်မှ ဒေါ်နန်းခမ်းအေး (ကိုယ်စား) လဲချားမဲဆန္ဒနယ်မှ ဦးစိုင်းမွန်းက နမ္မတူ မြို့နယ်ရှိ မုံရင်းရွာနှင့် အီနိုင်းလမ်းခွဲ(၁၈)မိုင်မှ ၄ မိုင် ၆ ဖာလုံ ကတ္တရာလမ်း ဖြစ်ပါ၍ ကျန်ရှိနေသော အမာခံလမ်း ၁၃ မိုင် ၂ ဖာလုံအား ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ပေးနိုင်ခြင်း ရှိ၊ မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး…… Continue reading လွှတ်တော်သတင်းများ (၁၀ မတ် ၂၀၁၇)

announcement · pyithu hluttaw

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ကျင်းပရန်ခေါ်ယူ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်သူ့လွှတ်တော် ကြေညာချက်အမှတ်(၂/၂၀၁၆) ၁၃၇၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၃ရက် (၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၃ ရက်) ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ကျင်းပရန်ခေါ်ယူခြင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၂၆၊ ၂၀၁၂ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၃၅ နှင့် ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေများ၏ နည်းဥပဒေ ၃၊ နည်းပညာခွဲ(ခ) တို့အရ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးကို နေပြည်တော်၌ ၁၃၇၈ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၆ ရက် (၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်) တနင်္လာနေ့၊ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပရန် ခေါ်ယူကြောင်း ကြေညာအပ်ပါသည်။…… Continue reading ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ကျင်းပရန်ခေါ်ယူ

announcement · pyithu hluttaw

တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်(၂)ဦး အစားထိုးပြောင်းလဲ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်အမှတ်(၁၁/၂၀၁၆) ၁၃၇၈ခုနှစ်၊ နယုန်လဆန်း ၁၀ ရက် (၂၀၁၆ခုနှစ်၊ ဇွန်လ ၁၅ ရက်) တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၂) ဦး အစားထိုုးပြောင်းလဲခြင်း (၁) ကြည်း ၂၇၁၀၅ ဒုတိယဗိုလ်မှူးကြီး သိန်းထွန်းတင် (အစား) ကြည်း ၂၀၇၈၄ ဒုတိယဗိုလ်မှူးကြီး မျိုးဝင်းလှိုင် (၂) ကြည်း ၃၄၅၈၉ ဗိုလ်မှူး ရဲဝ့ံထက် (အစား) ကြည်း ၁၆၅၆၁ ဗိုလ်မှူးချုပ် ဝင်းကိုကို အမိန့်အရ (တင်ထွန်း) အတွင်းရေးမှူး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

announcement · pyithu hluttaw

တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အစားထိုးပြောင်းလဲ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်အမှတ် ( ၈/၂၀၁၆) ၁၃၇၈ ခုနှစ်၊ ကဆုန်လဆန်း ၁၁ရက် (၂၀၁၆ ခုနှစ်၊ မေလ ၁၇ရက်) တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်သုံးဦး အစားထိုးပြောင်းလဲခြင်း (၁) ကြည်း ၂၄၈၅၇ ဒုတိယဗိုလ်မှူးကြီး ထိန်ဦး(အစား) လေ ၁၇၅၃ ဗိုလ်မှူးကြီး နေဝင်း (၂) ကြည်း ၂၆၇၂၃ ဒုတိယဗိုလ်မှူးကြီး မောင်မောင်အေး (အစား) ကြည်း ၁၉၇၆၈ ဒုတိယဗိုလ်မှူးကြီး သန်းဦးလွင် (၃) ကြည်း ၂၈၃၁၉ ဒုတိယဗိုလ်မှူးကြီး ဇော်နိုင်ဦး (အစား) ကြည်း ၁၇၃၄၀ ဗိုလ်မှူးချုပ် အောင်ကျော်ငြိမ်း အမိန့်အရ (တင်ထွန်း) အတွင်းရေးမှူး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်