2nd Plenary Session · roundup

လွှတ်တော်သတင်းများ (၈ အောက်တိုဘာ ၂၀၁၆)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၄၇) ရက်မြောက်နေ့တွင်ကျင်းပ ဦးစိုင်းကျော်မိုး (မိုင်းပန်၊ USDP) ၏ နယ်စပ်ရေးရာဝန်ကြီးဌာနမှ မိုင်းပန်မြို့နယ်၊ မိုင်းပန်-နောင်လေ-မိုင်းပုတ်-ပန်ပိလမ်း (၃၆)မိုင်အား အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ မေးမြန်းရာ ဗိုလ်ချုပ်သန်းထွဋ် (ဒုဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးဌာန)က ဖြေကြား ဦးစိုင်းထွန်းအောင် (မိုင်းယောင်း၊ SNLD) ၏ မိုင်းယောင်း-မိုင်းယု ဒေသနေ ပြည်သူလူထုများ ခရီးသွားလာရေး လွယ်ကူချောမွေ့စေရေး၊ ကုန်စည်စီးဆင်းမှု လျင်မြန် ချောမွေ့စေရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်စေရေးအတွက် နမ့်လွေချောင်းကူးတံတား ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းအား ဦးဝင်းခိုင် (ဝန်ကြီး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန)မှ ဖြေကြား ဦးအေးနိုင် (ဒဂုံမြို့သစ်(တောင်ပိုင်း)၊ NLD) ၏ ဒဂုံမြို့သစ်(တောင်ပိုင်း)နှင့် သင်္ဃန်းကျွန်းမြို့နယ် (သုဝဏ္ဍ)သို့ ငမိုးရိပ်ချောင်း မြစ်ကူးတံတားတစ်စင်း တည်ဆောက်ပေးပါရန် အစီအစဉ်ရှိ/မရှိမေးခွန်းအား ဦးဝင်းခိုင်…… Continue reading လွှတ်တော်သတင်းများ (၈ အောက်တိုဘာ ၂၀၁၆)

2nd Plenary Session · roundup

လွှတ်တော်သတင်းများ (၇ အောက်တိုဘာ ၂၀၁၆)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၄၆)ရက်မြောက်နေ့ကို ၂၀၁၆ ခုနှစ်၊အောက်တိုဘာလ ၆ ရက် နံနက် ၁၀နာရီတွင် ကျင်းပရာ မေးခွန်း(၈)ခု မေးမြန်းဖြေကြားပြီး ဥပဒေကြမ်း တစ်ခုအား လက်ခံရရှိကြောင်း ကြေညာခြင်းနှင့် ဥပဒေကြမ်းတစ်ခုအား လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းတို့ဆောင်ရွက် ဦးတင်အေး (မက်မန်း၊ Individual) ၏ ကမ္ဘာ့နိုင်ငံများ၌ အစွန်းရောက် အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုများ ကြုံတွေ့နေရပါသဖြင့် မြန်မာနိုင်ငံပြည်သူများ ဘေးကင်းလုံခြံုရေးအတွက် မည်သို့စီစဉ်ထားသည်ကို သိရှိလိုကြောင်း မေးမြန်းရာ ဗိုလ်ချုပ်အောင်စိုး (ဒုဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး ဌာန) မှဖြေကြား ဦးစိုင်းဦးခမ်း (သိန္နီ၊ SNLD)၏ ၁၉၇၂ ခုနှစ်က လူထုလုပ်အားဖြင့် ဖော်ထုတ်ခဲ့သော ငါးမွေးကန်နှင့် လယ်ကွက်ကို ဒေသခံအာဏာပိုင် အဆက်ဆက်တို့က သိမ်းယူခဲ့ပြီး သီးစားချထားပိုင်ခွင့် ရှိ/မရှိနှင့် မူရင်းပိုင်ရှင်များထံ…… Continue reading လွှတ်တော်သတင်းများ (၇ အောက်တိုဘာ ၂၀၁၆)

2nd Plenary Session · roundup

လွှတ်တော်သတင်းများ (၆ အောက်တိုဘာ ၂၀၁၆)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၄၅) ရက်မြောက်နေ့ကို အောက်တိုဘာလ ၅၊ ၂၀၁၆။ (ဗုဒ္ဓဟူး) နံနက် (၁၀) နာရီတွင်ကျင်းပရာ မေးခွန်းရှစ်ခု မေးမြန်းဖြေကြားခဲ့ပြီး ဥပဒေကြမ်းတစ်ခု တင်သွင်းခြင်းနှင့် အစီရင်ခံစာတစ်ခု ဖတ်ကြားရှင်းလင်း အစည်းအဝေးတွင် ဦးရန်လင်း (ကျိုက်လတ်)၏ ငါးမွေးမြူရေးအပါအဝင် မွေးမြူရေး သုတေသနဦးစီးဌာနတစ်ခု ဖွင့်လှစ်ရန်အစီအစဉ် ရှိ၊မရှိ မေးခွန်းနှင့်စပ်လျဉ်း၍  မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်းက ရှင်းလင်းဆွေးနွေး ဦးအောင်စိုး (ယင်းမာပင်)၏ ယင်းမာပင်မြို့ရှိ ၉၉ကန် စီမံကိန်းလုပ်ငန်းများအနက် စီမံကိန်းထက်ဝက်ခန့်မှာ တောင်သူလယ်သမားများအတွက် အကျိုးမပြုတော့ပါသောကြောင့် စီမံကိန်း ဖျက်သိမ်းပေးပါရန် အစီအစဉ်ရှိ မရှိ မေးခွန်း၊ ဦးကျော်မြင့် (တိုက်ကြီး)၏ ဧရာဝတီမြစ်ရေကြီးမှုကြောင့် ရေကြီးနစ်မြုပ်သော ဒေသများရှိ ပြည်သူများ၏  လူနေမှုဘဝ ပြန်လည်ထူထောင်ရေးအတွက် ကျန်းမာရေး၊…… Continue reading လွှတ်တော်သတင်းများ (၆ အောက်တိုဘာ ၂၀၁၆)

2nd Plenary Session · roundup

လွှတ်တော်သတင်းများ (၅ အောက်တိုဘာ ၂၀၁၆)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၄၄) ရက်မြောက်နေ့ကို အောက်တိုဘာ (၄) ရက် နံနက် (၁၀) နာရီတွင်ကျင်းပ အစည်းအဝေးတွင် ဦးဝမ်းလှ (နန်းယွန်း)၏ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်နှင့် ပန်ဆောင်၊ ဒုံဟီးမြို့နယ်ခွဲတို့တွင် GSM 3G ဖုန်းလိုင်းများအား မည်သည့်အချိန်တွင် အပြီးတပ်ဆင်ပေးမည်ကို သိလိုခြင်းမေးခွန်းနှင့် အင်းစိန်မြို့နယ်အတွင်းရှိ မီးရထားစက်ခေါင်းစက်ရုံနှင့် မီးရထားအိမ်ရာဝင်း အတွင်းရှိ အလုပ်သမားဝန်ထမ်း မိသားစုအိမ်ခန်းများနှင့် လိုင်းခန်းများတွင် ၂၄နာရီ လျှပ်စစ်မီးရရှိရေးအတွက် မည်သို့ဆောင်ရွက်ပေးမည်ကို သိလိုခြင်း မေးခွန်းတို့နှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်ကဖြေကြား ထို့နောက် ဦးသန်းညွန့် (ဖြူး)မှ မီးရထားသယ်ယူပို့ဆောင်ရေးကဏ္ဍကို ယခုထက် ပိုမိုရင်းနှီးမြှုပ်နှံပြီး နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်စေရန် အဆင့်အတန်း မြှင့်တင်ပေးရေး ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုနှင့် စပ်လျဉ်း၍…… Continue reading လွှတ်တော်သတင်းများ (၅ အောက်တိုဘာ ၂၀၁၆)

2nd Plenary Session · roundup

လွှတ်တော်သတင်းများ (၄ အောက်တိုဘာ ၂၀၁၆)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၄၃) ရက်မြောက်နေ့ အောက်တိုဘာ (၃) ရက်နေ့ နံနက် (၁၀) နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ မေးခွန်း (၃) ခု မေးမြန်းဖြေကြားခြင်း၊ အစီရင်ခံစာတစ်ခု တင်သွင်းခြင်းနှင့် အဆိုတစ်ခုအား ဆွေးနွေးခြင်းတို့ ဆောင်ရွက်ကြသည်။ ဦးခင်မောင်သိန်း (စစ်ကိုင်း) မှ စစ်ကိုင်းနည်းပညာ တက္ကသိုလ်အား တက္ကသိုလ်အဆင့်မှီအောင် လိုအပ်ချက်များအား ဖြည့်ဆည်းပေးရန်၊ ဘွဲ့နှင်းသဘင် ခန်းမတည်ဆောက်ခြင်းနှင့် (၃) ထပ်ဆောင် ဆောက်လုပ်ခြင်းအား ပြီးစီးအောင် ဆက်လက်ဆောင်ရွက်ရန် အစီအစဉ်ရှိ မရှိမေးခွန်း၊ ဦးစိုးမြင့် (ခ) ဦးအောင်ဇော်မြင့် (အမရပူရ) ၏ အမရပူရမြို့နယ်ရှိ အခြေခံပညာကျောင်းများနှင့် နိုင်ငံတစ်ဝန်းလုံးရှိ အခြေခံပညာကျောင်းများတွင် လိုအပ်လျက်ရှိသော ဆရာ ဆရာမများနှင့် ဝန်ထမ်းခန့်ထားနိုင်ရေးအတွက်…… Continue reading လွှတ်တော်သတင်းများ (၄ အောက်တိုဘာ ၂၀၁၆)

2nd Plenary Session · roundup

လွှတ်တော်သတင်းများ (၂၉ စက်တင်ဘာ ၂၀၁၆)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၄၂ ရက်မြောက်နေ့ကို စက်တင်ဘာ (၂၈) ရက်နေ့ နံနက် (၁၀) နာရီတွင် ကျင်းပရာ မေးခွန်းသုံးခု မေးမြန်းဖြေကြားခြင်း၊ ဥပဒေကြမ်းတစ်ခု အားဆွေးနွေးခြင်း၊ အဆိုတစ်ခုအား လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းတို့ဆောင်ရွက် အစည်းအဝေးတွင် ဒေါ်နန်မိုး (မန်တုံ) မှ ဖုန်းတာဝါတိုင်ကို မန်တုံမြို့ပေါ်ရပ်ကွက်သို့ ရွှေ့ပြောင်းပေးရန်နှင့် အခြားလူဦးရေထူထပ်သည့် ကျေးရွာအုပ်စုများတွင် ဖုန်းလိုင်းများတိုးချဲ့တပ်ဆင် ပေးရန် အစီအစဉ် ရှိ/မရှိမေးခွန်းနှင့် ဦးစိုင်းဆိုင်မိုင်း (မိုင်းကို်င်မဲဆန္ဒနယ်) ၏ ရှမ်းပြည်နယ်တောင်ပို်င်း တွင်ဆက်သွယ်နိုင်ရန် တယ်လီဖုန်းလိုင်းများကို မည်မျှတပ်ဆင်ဆောင်ရွက်ထားပြီး မိုင်းကိုင်မြို့နယ်နှင့် ဒေသတွင်းဆက်သွယ်ရေး တိုးတက်ကောင်းမွန်ရန် မည်ကဲ့သို့ စီစဉ်ဆောင်ရွက်ထားသည်ကို သိရှိလိုကြောင်း မေးခွန်းများနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန််ကြီး ဦးသန့်ဇင်မောင်က ရှင်းလင်းဖြေကြား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ တင်သွင်းသည့်…… Continue reading လွှတ်တော်သတင်းများ (၂၉ စက်တင်ဘာ ၂၀၁၆)

2nd Plenary Session · roundup

လွှတ်တော်သတင်းများ (၂၈ စက်တင်ဘာ ၂၀၁၆)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းဝေး (၄၁) ရက်မြောက်နေ့ကို စက်တင်ဘာ (၂၇) ရက်နေ့ နံနက် (၁၀) နာရီတွင်ကျင်းပ ဒေါ်စန်းစန်းအိ (မိုးညှင်းမဲဆန္ဒနယ်) က မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသတွင် လယ်ယာမြေလုပ် ပိုင်ခွင့် ပုံစံ (၇) လက်ဝယ်ရရှိပြီး ယခုနှစ်လယ်ယာစိုက်ပျိုးစရိတ် ထုတ်ပေးရာတွင် ကန့်သတ်ခံထားရသော လယ်သမား (၁၂) ဦးအတွက် လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် ယခုနှစ်မိုးရာသီစိုက်ပျိုးစရိတ် ထုတ်ပေးရန် အစီစဉ်ရှိ မရှိ မေးခွန်းနှင့် ဦးမြင့်သိန်း (ဝက်လက် မဲဆန္ဒနယ်) ၏ ဝက်လက်မြို့နယ်အတွင်းရှိ စို်င်နိုင်ကွေ့-မင်းကျီ-ကျောက်တိုင်-မြင်းသီ-ကွန်ဆိပ် ကျေးရွာလမ်းအား  ရာသီမရွေး သွားလာနိုင်သောလမ်းအဖြစ် အဆင့်မြှင့်ပြုပြင်ပေးရန် အစီအစဉ်ရှိ မရှိ မေးခွန်းများနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြုရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူရှင်းဖြေကြား ဦးကျော်အောင်လွင် (စေတုတ္တရာမဲဆန္ဒနယ်)မှ…… Continue reading လွှတ်တော်သတင်းများ (၂၈ စက်တင်ဘာ ၂၀၁၆)