5th Plenary Session · roundup

လွှတ်တော်သတင်းများ (၂၂ ဩဂုတ် ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ ကြေးမုံသတင်းစာ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပ ဉ္စမပုံမှန်အစည်းအဝေး ၄၇ ရက်မြောက်နေ့ကို ၂၁.၈.၂၀၁၇ တွင် ကျင်းပ အစည်းအဝေးတွင် ဂွမဲဆန္ဒနယ်မှ ဦးမြင့်ဝေ၏ “ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအောက်ရှိ ဂွချောင်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန အောက်သို့ လွှဲပြောင်း၍ ဖြစ်၊ မဖြစ် သိရှိလိုကြောင်း” မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ဖြေကြား ပလက်ဝမဲဆန္ဒနယ်မှ ဦးစိန်အောင်၏ “ပလက်ဝမြို့နယ်ရှိ လျှပ်စစ်မီးမရရှိသေးသော အိမ်ထောင်စုများ အတွက် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာမီးတပ်ဆင်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ဖြေကြား ထို့ပြင် မောက်မယ်မဲဆန္ဒနယ်မှ ဦးစိုင်းငေါင်းဆိုင်ဟိန်း၊ လေးမျက်နှာမဲဆန္ဒနယ်မှ ဦးဇော်မင်းသိန်း၊ ငါန်းဇွန်မဲဆန္ဒနယ်မှ…… Continue reading လွှတ်တော်သတင်းများ (၂၂ ဩဂုတ် ၂၀၁၇)

5th Plenary Session · roundup

လွှတ်တော်သတင်းများ (၁၉ ဩဂုတ် ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ ကြေးမုံသတင်းစာ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပ ဉ္စမပုံမှန်အစည်းအဝေး ၄၆ ရက်မြောက်နေ့ကို ၁၈.၈.၂၀၁၇ တွင် ကျင်းပ အစည်းအဝေးတွင် ရသေ့တောင်မဲဆန္ဒနယ်မှ ဒေါ်ခင်စောဝေက “ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များတွင် ဖြစ်ပေါ်လျက်ရှိသော အစွန်းရောက် အဖွဲ့အစည်းများ၏ ရာဇဝတ်မှုများ ကျူးလွန်နေကြခြင်းသည် နိုင်ငံတော်လုံခြုံရေး တရားဥပဒေစိုးမိုးရေး၊ နယ်မြေတည်တံ့ခိုင်မြဲရေးနှင့် အသက်အိုးအိမ် လုံခြံုရေးတို့ကို များစွာ ထိပါးနှောင့်ယှက်လာသည်ဖြစ်၍ ဒေသတွင်း ပိုမိုကောင်းမွန်သည့် အုပ်ချုပ်ရေး၊ လုံခြံုရေး အစီအမံများ ချမှတ်ကာ အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်ရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း အဆို” ကို တင်သွင်း ယင်းအဆိုကို လွှတ်တော်က လက်ခံဆွေးနွေးရန် ဆုံးဖြတ်ပြီး အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးမည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အမည်စာရင်း တင်သွင်းကြရန် လွှတ်တော်ဥက္ကဋ္ဌက အသိပေး…… Continue reading လွှတ်တော်သတင်းများ (၁၉ ဩဂုတ် ၂၀၁၇)

5th Plenary Session · roundup

လွှတ်တော်သတင်းများ (၁၈ ဩဂုတ် ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ ကြေးမုံသတင်းစာ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပ ဉ္စမပုံမှန်အစည်းအဝေး ၁၈ ရက်မြောက်နေ့ကို ၁၇.၈.၂၀၁၇ တွင် ကျင်းပ အစည်းအဝေးတွင် နိုင်ငံတော်သမ္မတရုံးမှ ပေးပို့သော ချင်းပြည်နယ် ဟားခါးခရိုင် ထန်တလန်မြို့နယ် နှာဟရိန်(က)ကျေးရွာအုပ်စုအား ရပ်ကွက် (၂)ရပ်ကွက် ပါဝင်သော နှာဟရိန်မြို့အဖြစ်လည်းကောင်း၊ မင်းတပ်ခရိုင် မင်းတပ်မြို့နယ် မတွီအိမ်နူးကျေးရွာအုပ်စုအား ရပ်ကွက် (၄) ရပ်ကွက် ပါဝင်သော မတွီအိမ်နူးမြို့အဖြစ် လည်းကောင်း၊ ဟားခါးခရိုင် ဟားခါးမြို့နယ်ရှိ ရပ်ကွက်(၆)ရပ်ကွက်ကို ဧရိယာ ပြင်ဆင်ဖွဲ့စည်းခြင်းနှင့် ရပ်ကွက် (၂)ရပ်ကွက် တိုးချဲ့ဖွဲ့စည်းခြင်းတို့ကို လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး တမူးခရိုင် တမူးမြို့နယ်ရှိ ထင်းစင်ကျေးရွာအုပ်စုရှိ တိန်းကယား(မြန်မာ) ကျေးရွာနှင့် တိန်းကယား (ချင်းရွာ)တို့ကို ကျေးရွာနှစ်ရွာ စုစည်းပြီး တိန်းကယားကျေးရွာ အုပ်စုအဖြစ် တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခြင်းကိုလည်းကောင်း လွှတ်တော်က မှတ်တမ်းတင်…… Continue reading လွှတ်တော်သတင်းများ (၁၈ ဩဂုတ် ၂၀၁၇)

5th Plenary Session · roundup

လွှတ်တော်သတင်းများ (၁၇ ဩဂုတ် ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ ကြေးမုံသတင်းစာ •ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပ ဉ္စမပုံမှန်အစည်းအဝေး ၄၅ ရက်မြောက်နေ့ကို ၁၆.၈.၂၀၁၇ တွင် ကျင်းပ အစည်းအဝေးတွင် ဆားလင်းကြီးမဲဆန္ဒနယ်မှ ဦးဝင်းသိန်းဇော်၏ “ဆားလင်းကြီးမြို့နယ် မြန်မာ့စီးပွားရေး ဦးပိုင်လိမိတက်၏ မိုးကြိုးဆာလ်ဖျူရစ်အက်စစ်စက်ရုံ လည်ပတ်ခြင်းကြောင့် လူမှုပတ်ဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင်တို့ကို ဆိုးရွားစွာ အန္တရာယ်ဖြစ်စေ၍ စက်ရုံကို လွတ်ကင်းရာနေရာသို့ ပြောင်းရွှေ့ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ဖြေကြား လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချို၏ “လျှပ်စစ်ကဏ္ဍ အရှုံးဖြစ်ပေါ်နေမှု ကာမိစေမည့် အစီအစဉ်များ ဆောင်ရွက်နေမှု အခြေအနေ၊ ဒီဇယ်အင်ဂျင် စက်သုံးစွဲသည့် မြို့များနေရာတွင် ဓာတ်အားလိုင်းဖြင့် အစားထိုး ဆောင်ရွက်မည့် အစီအစဉ်များ၊ အစားထိုးပြီးနေရာ မြို့ရွာများမှ ဒီဇယ်အင်ဂျင်စက်များကို ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်နှင့် အစိုးရသစ်…… Continue reading လွှတ်တော်သတင်းများ (၁၇ ဩဂုတ် ၂၀၁၇)

5th Plenary Session · roundup

လွှတ်တော်သတင်းများ (၁၆ ဩဂုတ် ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ ကြေးမုံသတင်းစာ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပ ဉ္စမပုံမှန်အစည်းအဝေး ၁၇ ရက်မြောက်နေ့ကို ၁၅.၈.၂၀၁၇ တွင် ကျင်းပ အစည်းအဝေးတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ပေးပို့သော ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေပါ ပြည်ထောင်စု၏ အရအသုံးစာရင်းများ စစ်ဆေးချက် အစီရင်ခံစာနှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ (၉/၂၀၁၇) ကို လွှတ်တော်က သဘောတူမှတ်တမ်းတင် အတည်ပြုကြောင်း ဆုံးဖြတ် အဆိုပါ အစီရင်ခံစာနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ရှင်းလင်းပြောကြား အဆိုပါ အစီရင်ခံစာနှင့် စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းကလည်း ရှင်းလင်းပြောကြား အလားတူ ပြန်ကြားရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်…… Continue reading လွှတ်တော်သတင်းများ (၁၆ ဩဂုတ် ၂၀၁၇)

5th Plenary Session · roundup

လွှတ်တော်သတင်းများ (၁၅ ဩဂုတ် ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ ကြေးမုံသတင်းစာ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပ ဉ္စမပုံမှန်အစည်းအဝေး ၄၄ ရက်မြောက်နေ့ကို ၁၄.၈.၂၀၁၇ တွင် ကျင်းပ အစည်းအဝေးတွင် မိုးမောက်မဲဆန္ဒနယ်မှ ဦးဝင်းအောင်၏ “(၄)တန်းနှင့် (၈)တန်းများကို သက်ဆိုင်ရာ ကျောင်းများတွင်သာ အတန်းတင်စာမေးပွဲစစ်ရန်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ မေးခွန်းများကို အခြေခံပညာတွင် တာဝန်ထမ်းဆောင်နေကြသော ဆရာကြီး၊ ဆရာမကြီးများကို တာဝန်ပေးရန်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲမေးခွန်း ဘာသာတွဲ(၈)တွဲမှ မလိုအပ်သော ဘာသာတွဲများကို ဖြုတ်သိမ်းရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဖြေကြား ဓနုဖြူမဲဆန္ဒနယ်မှ ဦးတင်လှ၏ “အခြေခံပညာအလယ်တန်းကျောင်းနှင့် အထက်တန်းကျောင်းများတွင် စာကြည့်တိုက်တာဝန်ခံ သို့မဟုတ် ကျောင်းစာကြည့်တိုက် ဆရာ၊ ဆရာမများ ခန့်ထားပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍…… Continue reading လွှတ်တော်သတင်းများ (၁၅ ဩဂုတ် ၂၀၁၇)


လွှတ်တော်သတင်းများ (၁၂ ဩဂုတ် ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပ ဉ္စမပုံမှန်အစည်းအဝေး ၄၃ ရက်မြောက်နေ့ကို ၁၁.၈.၂၀၁၇ တွင် ကျင်းပ အစည်းအဝေးတွင် တန့်ယန်းမဲဆန္ဒနယ်မှ ဦးစိုင်းမောင်ပွင့်၏ “တန့်ယန်းမြို့ လေယာဉ်ကွင်းသို့ လေယာဉ်ခရီးစဉ် ပြန်လည်ပြေးဆွဲရန် အစီအစဉ် ရှိ၊ မရှိ နှင့် အစီအစဉ် မရှိပါက မြေနေရာအား ပြန်လည်စွန့်လွှတ်ပေးရန်” မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ဖြေကြား ရွှေကူမဲဆန္ဒနယ်မှ ဦးဇာနည်မင်း၏ “ဗန်းမော်မြို့မှ ကသာမြို့နယ်သို့ ပြေးဆွဲနေသော သံခွံမော်တော်တွင်း၌ ရေလုံခန်းများ တည်ဆောက်ပြေးဆွဲပေးရန်၊ ၄င်းရေယာဉ်များကို ဥပဒေနှင့် အညီ စိစစ်၍ နိုင်ငံတော်ဘဏ္ဍာအတွက် အခွန်ကောက်ခံသွားရန်၊ စည်းမျဉ်းစည်းကမ်းနှင့် မလျော်ညီသော ရေယာဉ်များအား အရေးယူဆောင်ရွက်သွားနိုင်ရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန…… Continue reading လွှတ်တော်သတင်းများ (၁၂ ဩဂုတ် ၂၀၁၇)