6th Plenary Session · roundup

လွှတ်တော်သတင်းများ (၂၅ နိုဝင်ဘာ ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ၁၂ ရက်မြောက်နေ့ကို ၂၄.၁၁.၂၀၁၇ တွင် ကျင်းပ အစည်းအဝေးတွင် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များအဖြစ် ခန့်အပ် တာဝန်ပေးအပ်ပြီးဖြစ်သော ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်၊ အတွင်းရေးမှူး ဦးစန်းဝင်းနှင့် အဖွဲွ့ဝင်များဖြစ်ကြသည့် ဦးစိုးတင့်၊ ဦးအောင်လွင်၊ ဦးဟန်ညွန့်၊ ဒေါ်မြတ်မြတ်စိုး၊ ဦးအောင်သန်းမြင့်၊ ဦးခင်မောင်မြင့်၊ ဦးမျိုးမြင့်၊ ဒေါ်အေးအေးမူ၊ ဦးဇော်ဝင်းနှင့် ဒေါ်လဲ့လဲ့သွင်တို့သည့် ပြည်ထောင်စုလွှတ်တော် နာယက၏ ရှေ့မှောက်၌ ကတိသစ္စာပြုကြ ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီတွင် အဖွဲ့ဝင် အစားထိုးတာဝန်ပေးအပ်ခြင်းကို တင်ပြပြီး လွှတ်တော်၏ အဆုံးအဖြတ် ရယူ၍ အတည်ပြုကြောင်း…… Continue reading လွှတ်တော်သတင်းများ (၂၅ နိုဝင်ဘာ ၂၀၁၇)

6th Plenary Session · roundup

လွှတ်တော်သတင်းများ (၂၄ နိုဝင်ဘာ ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ ဒုတိယအကြိမ် ပြည်သူ့လွှတ်တေ်ာ ဆဋ္ဌမပုံမှန် အစည်းအဝေး ၁၆ ရက်မြောက်နေ့ကို ၂၃.၁၁.၂၀၁၇ တွင် ကျင်းပ အစည်းအဝေးတွင် ဘီးလင်းမဲဆန္ဒနယ်မှ ဦးတင်ကိုကိုဦး၏ “လမ်း၊ တံတားများကို အကောင်အထည် ဖော်ရာတွင် လုပ်ငန်းခွင့်နှင့် အင်ဂျင်နီယာ၊ စက်ယန္တရားပြည့်စုံမှု၊ ကျွမ်းကျင်အလုပ်သမားကိစ္စ၊ အချိန်မီ ပြီးစီးနိုင်ရေးနှင့် သတ်မှတ်အရည်အသွေးအတိုင်း ပြည့်မီရေးတို့အတွက် မည်ကဲ့သို့ စီမံဆောင်ရွက်နေသည်ကို သိလိုခြင်း”နှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ဖြေကြား စေတုတ္တရာ မဲဆန္ဒနယ်မှ ဦးကျော်အောင်လွင်၏ “စေတုတ္တရာမြို့နယ် ဖျင်ကြီးကျေးရွာမှ ငဖဲ-စေတုတ္တရာ-ဆော ခရိုင်ချင်းဆက်လမ်းသို့ ရာသီမရွေးသွားလာနိုင်သော မြေသားလမ်း ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ဖြေကြား ဆက်လက်၍ ထီးချိုင့်မဲဆန္ဒနယ်မှ ဦးမောင်မောင်၊ သံဖြူဇရပ်…… Continue reading လွှတ်တော်သတင်းများ (၂၄ နိုဝင်ဘာ ၂၀၁၇)

6th Plenary Session · roundup

လွှတ်တော်သတင်းများ (၂၃ နိုဝင်ဘာ ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ၁၅ ရက်မြောက်နေ့ကို ၂၂.၁၁.၂၀၁၇ တွင် ကျင်းပ အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က လွှတ်တော်အခွင့်အရေးကော်မတီ၏ လစ်လပ်သွားသော နေရာ၌ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်ချုပ်တင်ဆွေဝင်းအား အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ လစ်လပ်သွားသော အဖွဲ့ဝင်နေရာ၌ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် ရဲနိုင်မျိုးအား အဖွဲ့ဝင်အဖြစ်လည်းကောင်း အစားထိုးဖွဲ့စည်းမည် ဖြစ်ပါကြောင်း၊ လွှတ်တော်သို့ တင်ပြပြီး ကော်မတီအဖွဲ့ဝင်များ အစားထိုး ဖွဲ့စည်းခြင်းနှင့်စပ်လျဉ်း၍ လွှတ်တော်၏ အတည်ပြုချက်ရယူရာ လွှတ်တော်က သဘောတူကြောင်း ကြေညာ ထို့နောက် မောက်မယ်မဲဆန္ဒနယ်မှ ဦးစိုင်းငေါင်းဆိုင်ဟိန်း၏ “မောက်မယ်မြို့နယ် ပန်းတန်ကျေးရွာ အုပ်စု သောက်သုံးရေ အထောက်အကူပြု နောက်ခိုက်လျှိုပိတ်တမံကြီး နုန်းဆယ်ယူခြင်းနှင့် ပြုပြင်မွမ်းမံခြင်း လုပ်ငန်းစဉ်များ…… Continue reading လွှတ်တော်သတင်းများ (၂၃ နိုဝင်ဘာ ၂၀၁၇)

6th Plenary Session · roundup

လွှတ်တော်သတင်းများ (၂၂ နိုဝင်ဘာ ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ဒသမနေ့ကို ၂၁.၁၁.၂၀၁၇ တွင် ကျင်းပ အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်းက ပြည်ထောင်စုလွှတ်တော်က အတည်ပြုသည်ဟု မှတ်ယူရမည့် စာရင်းအင်းဥပဒေကြမ်းကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာ ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော အာဆီယံနယ်စပ်ဖြတ်ကျော် ခရီးသည်ပို့ဆောင်မှု လွယ်ကူချောမွေ့စေရေး မူဘောင်သဘောတူစာချုပ်တွင် မြန်မာနိုင်ငံမှ ပါဝင်လက်မှတ် ရေးထိုးရေးကိစ္စနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ရှင်းလင်းတင်ပြ ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယက က ယင်းကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ ထို့နောက် အမျိုးသားပညာရေးမူဝါဒ ကော်မရှင်၏ ဒုတိယ ခြောက်လတာကာလအတွင်း လုပ်ငန်း ဆောင်ရွက်ခဲ့မှုအစီရင်ခံစာ (၂၀၁၇ ခုနှစ်၊ ဧပြီလမှ အောက်တိုဘာလထိ) နှင့်စပ်လျဉ်း၍…… Continue reading လွှတ်တော်သတင်းများ (၂၂ နိုဝင်ဘာ ၂၀၁၇)

6th Plenary Session · roundup

လွှတ်တော်သတင်းများ (၂၁ နိုဝင်ဘာ ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ ဒုတိယအကြိမ်် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ၁၄ ရက်မြောက်နေ့ကို ၂၁.၁၁.၂၀၁၇ တွင် ကျင်းပ အစည်းအဝေးတွင် ဒက္ခိဏသီရိ မဲဆန္ဒနယ်မှ ဦးသန့်ဇင်ထွန်း၏ “စည်းကမ်းချက်များနှင့် မညီသော သားသတ်လိုင်စင်ရရှိသူများအပေါ် အရေးယူရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်းက ဖြေကြား မက်မန်းမဲဆန္ဒနယ်မှ ဦးတင်အေး၏ “ခရိုင် သို့မဟုတ် မြို့နယ်နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က ဖြေကြား လေရှီးမဲဆန္ဒနယ်မှ ဦးကျော်ဌေး၏ “လေရှီးမြို့နယ်နှင့် လဟယ်မြို့နယ်ချင်းဆက် လမ်းကို စီမံကိန်းဖြင့် ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က ဖြေကြား…… Continue reading လွှတ်တော်သတင်းများ (၂၁ နိုဝင်ဘာ ၂၀၁၇)

6th Plenary Session · roundup

လွှတ်တော်သတင်းများ (၁၈ နိုဝင်ဘာ ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ၁၃ ရက်မြောက်နေ့ကို ၁၇.၁၁.၂၀၁၇ တွင် ကျင်းပ အစည်းအဝေးတွင် ကတိသစ္စာ မပြုရသေးသော တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သုံးဦးက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်ရှေ့မှောက်၌ ကတိသစ္စာပြု၍ ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးကြ ထို့နောက် ဘုတလင်မဲဆန္ဒနယ်မှ ဦးမြင့်ဟန်ထွန်း၏ “စက်မှုဝန်ကြီးဌာနနှင့် ဇွန်ဆေးဝါးနှင့် စားသောက်ကုန် ထုတ်လုပ်ရေးကုမ္ပဏီလိမိတက်တို့ ချုပ်ဆိုခဲ့သော စာချုပ်ကို ပွင့်လင်းမြင့်သာစွာ ချပြနိုင်ခြင်းရှိ၊ မရှိနှင့် ဖက်စပ်လုပ်ကိုင်ပြီးနောက် နိုင်ငံတော်မှ နှစ်အလိုက်ရရှိသော အကျိုးအမြတ်ကို သိလိုခြင်းနှင့်စပ်လျဉ်း၍” စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ရှင်းလင်းဖြေကြား ပြည် မဲဆန္ဒနယ်မှ ဒေါက်တာ ဒေါ်ခင်စိုးစိုးကြည်၏ “အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများကို ချေးပေးသည့် ချေးငွေအား ပွင့်လင်းမြင်သာလွယ်ကူစွာ ချေးယူနိုင်အောင် စီစဉ်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊…… Continue reading လွှတ်တော်သတင်းများ (၁၈ နိုဝင်ဘာ ၂၀၁၇)

6th Plenary Session · roundup

လွှတ်တော်သတင်းများ (၁၇ နိုဝင်ဘာ ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး အဋ္ဌမမြောက်နေ့ကို ၁၆.၁၁.၂၀၁၇ တွင် ကျင်းပ အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်နာယက က လွှတ်တော်နှစ်ရပ် သဘောတူညီသည့် ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း (၂၀၁၇) ကို နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုး ထုတ်ပြန်နိုင်ရန်အတွက် ပေးပို့သွားမည်ဖြစ်ကြောင်းနှင့် ပြည်ထောင်စုလွှတ်တော်က အတည်ပြုသည်ဟု မှတ်ယူ၍ မှတ်တမ်းတင်ကြောင်း ကြေညာ ထို့နောက် နိုင်ငံတော်သမ္မတရုံးမှပေးပို့သော ရှမ်းပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုနှင့် ကျေးရွာများ အမည်ပြောင်းလဲခြင်း၊ တိုးချဲ့ပြင်ဆင် ဖွဲ့စည်းခြင်းနှင့် ပယ်ဖျက်ခြင်းတို့ကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာ ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော အိန္ဒိယသမုဒ္ဒရာ ကမ်းခြေနိုင်ငံများအဖွဲ့သို့ မြန်မာနိုင်ငံမှ အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ရေးကိစ္စနှင့် စပ်လျဉ်း၍ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးကျော်တင်က ရှင်းလင်းတင်ပြ ယင်းကိစ္စနှင့်…… Continue reading လွှတ်တော်သတင်းများ (၁၇ နိုဝင်ဘာ ၂၀၁၇)