6th Plenary Session · roundup

လွှတ်တော်သတင်းများ (၁၆ နိုဝင်ဘာ ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ၁၂ ရက်မြောက်နေ့ကို ၁၅.၁၁.၂၀၁၇ တွင် ကျင်းပ အစည်းအဝေးတွင် ကလေးမဲဆန္ဒနယ်မှ ဒေါ်အေးအေးမူ(ခ)ဒေါ်ရှားမီး၏ “တိုင်းပြည်အနာဂတ် အကျိုးစီးပွားအတွက် မသန်စွမ်းမှုလျှော့ချရေး၊ ကူညီထောက်ပံ့ရေးနှင့် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် တိုးမြှင့်ဆောင်ရွက်ရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဖြေကြား တွံတေးမဲဆန္ဒနယ်မှ ဦးမြင့်လွင်၏ “မြို့နယ်လက်စွဲစာအုပ်များ ထွက်ပေါ်လာစေရေးအတွက် လိုအပ်သော စီစဉ်ညွှန်ကြားမှုများ ပြုလုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ဖြေကြား ဆက်လက်၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ဒဂုံမြို့သစ်(မြောက်ပိုင်း)မဲဆန္ဒနယ်မှ ဒေါက်တာ ဦးခင်မောင်မောင်၏ “ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များတွင်ရှိသော…… Continue reading လွှတ်တော်သတင်းများ (၁၆ နိုဝင်ဘာ ၂၀၁၇)

6th Plenary Session · roundup

လွှတ်တော်သတင်းများ (၁၅ နိုဝင်ဘာ ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့ကို ၁၄.၁၁.၂၀၁၇ တွင် ကျင်းပ အစည်းအဝေးတွင် ဒေးဒရဲ မဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ခင်ညို၏ “ဒေးဒရဲမြို့နှင့် တော်ကမယ်၊ ကြုံကြပ်၊ သာယာကုန်း၊ သံဒိဇီးဖြူကုန်း ဆက်သွယ်သော လမ်းအရှည် ၁၄ မိုင် ၆ ဖာလုံအား ပိုမိုမြန်ဆန်စွာ အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ဖြေကြား ပလက်ဝမဲဆန္ဒနယ်မှ ဦးစိန်အောင်၏ “ပလက်ဝမြို့နယ် ပျဉ်ဝကျေးရွာမှ အီဝရွာနှင့် တပ်ချောင်းရွာတို့ကို ဖြတ်၍ သံထောင်ရွာအထိ ကားလမ်းဖောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးကျော်လင်းက ဖြေကြား ဆက်လက်၍ ဒုတိယဝန်ကြီး ဦးကျော်လင်းက ဒိုက်ဦးမဲဆန္ဒနယ်မှ…… Continue reading လွှတ်တော်သတင်းများ (၁၅ နိုဝင်ဘာ ၂၀၁၇)

6th Plenary Session · roundup

လွှတ်တော်သတင်းများ (၁၁ နိုဝင်ဘာ ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး သတ္တမနေ့ကို ၁၀.၁၁.၂၀၁၇ တွင် ကျင်းပ အစည်းအဝေးတွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ် ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် ပါဝင်သော သုံးငွေစိစစ်လျှော့ချမှု အပါအဝင် တစ်ပိုဒ်ချင်းစီအလိုက် အဆိုတင်သွင်းပြီး သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ရှင်းလင်းဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းတို့ကို ဆောင်ရွက်ကြ ထို့နောက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက လွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ထားသည့်အတိုင်း ပြင်ဆင်ထားသည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းတစ်ရပ်လုံးကို အတည်ပြုပေးရန် အဆိုတင်သွင်း ပြည်ထောင်စုလွှတ်တော် နာယက က လွှတ်တော်၏ သဘောထားရယူ၍ ယင်းဥပဒေကြမ်း တစ်ရပ်လုံးကို လွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်…… Continue reading လွှတ်တော်သတင်းများ (၁၁ နိုဝင်ဘာ ၂၀၁၇)

6th Plenary Session · roundup

လွှတ်တော်သတင်းများ (၁၀ နိုဝင်ဘာ ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ၉.၁၁.၂၀၁၇ တွင် ကျင်းပ အစည်းအဝေးတွင် ၂၀၁၇-၂၀၁၈ ခုနှစ်ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပူးပေါင်းကော်မတီများ၏ သုံးသပ်ချက်အစီရင်ခံစာပါမူ၊ အခြေခံသဘောတရားများနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏မူ၊ အခြေခံသဘော ဆွေးနွေးခြင်းများအပေါ် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများက ပြန်လည်ရှင်းလင်းပြောကြားကြ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်တို့က လွှတ်တော်ကိုယ်စားလှယ်များ၏မှု၊ အခြေခံသဘော ဆွေးနွေးခြင်းများအပေါ် ရှင်းလင်းဖြေကြားကြ ၂၀၁၇-၂၀၁၈ ခုနှစ် ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပူးပေါင်းကော်မတီများ၏ သုံးသပ်ချက်အစီရင်ခံစာပါမူနှင့် အခြေခံ သဘောတရားများနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ မူနှင့် အခြေခံသဘောဆွေးနွေးခြင်းများအပေါ် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊ ကျန်းမာရေးနှင့်…… Continue reading လွှတ်တော်သတင်းများ (၁၀ နိုဝင်ဘာ ၂၀၁၇)

6th Plenary Session · roundup

လွှတ်တော်သတင်းများ (၉ နိုဝင်ဘာ ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ဒသမနေ့ကို ၈.၁၁.၂၀၁၇ တွင် ကျင်းပ အစည်းအဝေးတွင် ပန်းတောင်းမဲဆန္ဒနယ်မှ ဒေါ်ခင်နှင်းသစ်၏ “အစိုးရစီမံကိန်း သို့မဟုတ် အစိုးရခွင့်ပြုချက်ဖြင့် လုပ်ကိုင်လျက်ရှိသော ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြင်ပအလုပ်သမားများအား အလုပ်သမားတစ်ယောက်ရရှိရမည့် လစာအခွင့်အရေးတို့အတွက် အာမခံပေးနိုင်ရန် လုပ်ကိုင်ခွင့်ရ ကုမ္ပဏီနှင့် တစ်ဆင့်ခံကုမ္ပဏီတို့အား ကြီးကြပ်ကွပ်ကဲပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ရှင်းလင်းဖြေကြား ဒိုက်ဦးမဲဆန္ဒနယ်မှ ဦးဘုန်းမြင့်အောင်၏ “ဒိုက်ဦးမြို့နယ် ဒရယ်မီးလမ်းဆုံမှ အုတ်ရှစ်ကုန်း ကျေးရွာအထိ ၁၁ ကေဗွီ ဓာတ်အားပေးလိုင်း သွယ်တန်းပြီး ၁၆ မိုင်အတွင်း နေထိုင်သော ကျေးရွာများရှိ ဒေသခံပြည်သူများအတွက် လျှပ်စစ်မီးသွယ်တန်းပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍…… Continue reading လွှတ်တော်သတင်းများ (၉ နိုဝင်ဘာ ၂၀၁၇)

6th Plenary Session · roundup

လွှတ်တော်သတင်းများ (၈ နိုဝင်ဘာ ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ပဥ္စမနေ့ကို ၇.၁၁.၂၀၁၇ တွင် ကျင်းပ အစည်းအဝေးတွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်း၏မူနှင့် အခြေခံသဘော အပါအဝင် ရငွေသုံးငွေများနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်(၁၅)ဦးက ဆွေးနွေးကြ ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်းက နိုင်ငံတော် သမ္မတထံမှ ပေးပို့ထားသော အာဆီယံအဖွဲ့ဝင် နိုင်ငံများ၏ လေယာဉ်မတော်တဆ ထိခိုက်မှု စုံစမ်းစစ်ဆေးရေး အာဏာပိုင် အဖွဲ့အစည်း အကြီးအကဲများနှင့် တရုတ်နိုင်ငံ မြို့ပြလေကြောင်း အုပ်ချုပ်ရေးအဖွဲ့တို့ အကြား လေယာဉ်မတော်တဆ ထိခိုက်မှု စုံစမ်းစစ်ဆေးရေးဆိုင်ရ ပူးပေါင်းဆောင်ရွက်မည့် နားလည်မှု စာချွန်လွှာတွင် မြန်မာနိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုးရန်ကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော်က သဘောတူအတည်ပြုကြောင်း ကြေညာ ယင်းနောက်…… Continue reading လွှတ်တော်သတင်းများ (၈ နိုဝင်ဘာ ၂၀၁၇)

6th Plenary Session · roundup

လွှတ်တော်သတင်းများ (၇ နိုဝင်ဘာ ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး နဝမနေ့ကို ၆.၁၁.၂၀၁၇ တွင် ကျင်းပ အစည်းအဝေးတွင် သရက်မဲဆန္ဒနယ်မှ ဦးကံမြင့်၏ “သရက်-မင်းဘူး မီးရထားလမ်းပိုင်းအား ယခုထက် ပိုမိုတိုးတက်အောင် မည်ကဲ့သို့ ဆောင်ရွက်မည်ကို သိလိုခြင်း”နှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ဖြေကြား မိုင်းပန်မဲဆန္ဒနယ်မှ ဦးစိုင်းကျော်မိုး၏ “မိုင်းပန်မြို့နယ် နောင်လုံအင်း တိမ်ကောရေခန်းခြောက်မှုအား တူးဖော်ပြုပြင်ထိန်းသိမ်းပေးနိုင်ရန်နှင့် ၄င်းအင်းအတွင်း စိုက်ပျိုးမြေများ ကျူးကျော်ချဲ့ထွင်လာခြင်း အတွက် နောင်လုံအင်း ရေဝေဧရိယာအား ယခင်အတိုင်း တိကျစွာ သတ်မှတ်တိုင်းတာပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ဖြေကြား ယင်းနောက် စေတုတ္တရာ မဲဆန္ဒနယ်မှ ဦးကျော်အောင်လွင်၊ အောင်မြေသာစံ မဲဆန္ဒနယ်မှ…… Continue reading လွှတ်တော်သတင်းများ (၇ နိုဝင်ဘာ ၂၀၁၇)